October 20, 2024

၃. ၆. ၂၀၂၄
Written by Ye Kyaw

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်ရောက်သူဦးရေ များပြားခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ မှ ‌ဇွန် ၂ ရက်အထိ ဆောင်ရွက်ခဲ့ပြီး အဆိုပါကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးရှိကြောင်း ပညာ‌ရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံရေးပဋိပက္ခကာလအတွင်း ကျောင်းမတက်ရန် လှုံ့ဆော်ခဲ့မှုများကြောင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ၅ ဒသမ ၆ သန်းကျော်သာရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကာလအတွင်း ကျောင်းအပ်နှံသူဦးရေ ၆ သန်းခွဲရှိပြီး ကျောင်းများ ဖွင့်လှစ်သည့်တိုင် ကျောင်းအပ်နှံရန် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျောင်းအပ်နှံသူဦးရေ ၈ ဒသမ ၁ သန်းကျော်အထိ ရှိခဲ့သည်။ ယခုနှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းအပ်သူ ၇၀၀၀၀ ခန့်လျော့နည်းနေသော်လည်း ဆက်လက်အပ်နှံနိုင်မည်ဖြစ်သည်။

ပုံစာ- ကျောင်းစတင်ဖွင့်လှစ်သည့် ယနေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ စာသင်ကျောင်းများကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *