October 21, 2024

၃.၆. ၂၀၂၄
Written by Nay Moe

အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးကို ဒလန်လို့သတ်မှတ်ပြီး မနေ့က မွန်းလွဲ ၁၂ နာရီခွဲမှာ သတ်ဖြတ်လိုက်တယ်လို့ အုတ်ဖို PDF အဖွဲ့ဖြစ်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) က ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

ဒီသတ်ဖြတ်မှုက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ၊ ရွာရှောင်ကုန်းမှာ နေထိုင်တဲ့ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ)စောခူထူးကို ဇွန်လ ၂ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်မှာ စောကေထူးနေအိမ်အထိ သွားရောက်ပြီး သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF တွေက သတ်ဖြတ်လိုက်ပြီး ဖုန်းတစ်လုံးနဲ့ စစ်ဦးထုပ်တစ်လုံး သိမ်းယူလာတယ်ပြောပါတယ်။

အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ)စောခူထူးဟာ လုံခြုံရေးတပ်ဖွဲ့အလိုကျ ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့လူစုပေးတာ၊ ငွေကြေးကောက်ခံတာ၊ PDF တွေရဲ့ သတင်း အချက်အလက် ထောက်​လှမ်း​သတင်းပို့တာ၊ ပြည်သူတွေကို အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေလို့ သတ်လိုက်တာလို့​ အုတ်ဖို PDF က အကြောင်းပြချက်ပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန် MT News က အတည်မပြုနိုင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *