October 20, 2024

၃.၆.၂၀၂၄
Written By Thandar
 
ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီးခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”က ကလေးငယ်လေးတွေကို ကျောင်းစတင်ပို့တဲ့နေ့မို့ ငိုချင်သလို ပျော်သလိုခံစားချက်မျိုးဖြစ်မိတယ်လို့ ရင်ဖွင့်လာပါတယ်။

“ငိုချင်သလို ပျော်သလို ခံစားချက်မျိုးလေးနဲ့ သူတို့ ကျောင်းစတက်တဲ့နေ့ ..ကလေးတွေ ကျောင်းကိစ္စအတွက် ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ ကလေးတွေအတွက် ကျောင်းကားအတွက် “G-Link Electro Trading “မှ “Felicity Solar Myanmar”မိသားစုတို့အားလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်” လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပရိသတ်သိအောင် ပြောလာပါတယ်။

သူမရဲ့ ဂေဟာက ကလေးငယ်တွေ ရန်ကုန်မြို့ လသာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ အပ်နှံထားတာဖြစ်ပြီး ယနေ့ ဇွန်လ ၃ ရက်နေ့ ကျောင်းစတက်တဲ့နေ့မှာ အဖြူ၊ အစိမ်း၊ ထီး တူညီ ဝတ်စုံအပြည့်နဲ့ ကလေးငယ်လေးတွေက ချစ်စရာလည်းကောင်းကြပါတယ်။ အဆိုပါကလေးငယ်တွေ ကျောင်းသွားကျောင်းပြန်အတွက် ကျပ်သိန်း ၆၀၀ ခန့်တန်ဖိုးရှိ ကားတစ်စီးကိုလည်း  “G-Link Electro Trading “မှ “Felicity Solar Myanmar”မိသားစုက လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ လက်ရှိ ရင်ခွင့်မဲ့ကလေးငယ်လေးတွေကို ခေါ်ယူမွေးစားနေလျှက်ရှိသလို သူမ ခေါ်ယူမွေးစားခဲ့တဲ့ ကလေးငယ်တချို့က ကျောင်းတက်ရမယ့်အရွယ် ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ သူမဆီမှာတော့ ရင်ခွင်မဲ့ကလေးငယ်အမြွှာဆိုရင် ၉ အမြွှာမြောက်ကို ထိန်းသိမ်းစောင့်ရှောက်ထားသလို ကလေးငယ် ၁၀၉ ယောက်ကို အနာဂတ်အတွက်ပြုစုပျိုးထောင်ပေးလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *