October 21, 2024

MT News
၂.၆. ၂၀၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၃၁ ရက်နေ့ နံနက် ၆ နာရီအချိန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ပင်အုံကျေးရွာအနီးတွင် လုံချိန်ကျေးရွာဘက်မှ မိုင်းပွန်မြို့ဘက်သို့ ကျော်စိန် မောင်းနှင်လာသည့် FORD RANGER မော်တော်ယာဉ်နှင့် ထွန်းမြင့် မောင်းနှင်လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်း သိမ်းဆည်းရမိခဲ့သည်။

တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၆ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ဝင်းရွှေအား မိုင်းပွန်မြို့၊ ဝမ်ဟွေရပ်တွင် VIGO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ နံနက် ၇ နာရီအချိန် အိုက်လောင်အား မိုင်းပွန်မြို့၊ နားခိုင်ကျေးရွာ၊ လယ်တောရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *