October 21, 2024

၂.၆.၂၀၂၄
Written By Thandar

ဂီတလမ်းကြောင်းပေါ်မှာ နှုတ်ခမ်းနီမလေးတွေအပြင် ကြီးကြီးငယ်ငယ် မမတွေ ကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိ Facebook စာမျက်နှာတွေထက်မှာ မတွေ့ခဲ့ရင် Telegram မှာ ရှာပါလို့ အသိပေးလာပါတယ်။

“ကျွန်တော်တို့ လက်ရှိ Facebook မှာ မဆက်သွယ်ဖြစ်ကြရင် ဒီအောက်က Telegram Link နေရာတွေမှာ ကျွန်တော်ရှိနေပါမယ်။ မူလလက်ဟောင်းပရိသတ်များ ကျွန်တော်ပျောက်နေရင် Telegram မှာ ရှာပါခင်ဗျာ” လို့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်ကို အသိပေးလာပါတယ်။

သူ့ဟာ လက်ရှိအချိန်ကာလမှာတော့ ပရိသတ်တွေကို ပိုမိုရင်နှီးနွေးထွေးစွာ ဆက်သွယ်စကားပြောလာတာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ၄ နှစ်တာရပ်ဆိုင်းထားတဲ့ Sai Sai Birthday Show ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်နေ့က Inya Lake Garden မှာ စည်ကားသိုက်မြိုက်ကျင်းပခဲ့ပြီးတော့ “မှော်ဝင်ဖိတ်စာ” နဲ့ အတူ ပရိသတ်ဆီ ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် Telegram

https://t.me/OfficialSaiSaiKhamLeng

Leave a Reply

Your email address will not be published. Required fields are marked *