October 20, 2024

၂. ၅. ၂၀၂၄
Written by Nay Moe

KIA နှင့် PDF များ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် အဆိုပါ လက်နက်ကြီးကျည်မှာ အထက်တန်းကျောင်းခွဲအတွင်းကျရောက်ပေါက်ကွဲသဖြင့် ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်မှုများလုပ်ဆောင်နေသည့် ပန်းရံလုပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဖိုးဒေဝကျေးရွာသို့ KIA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲဝင်းအတွင်းသို့ ရှော့တိုက်ဒုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဝင်းအတွင်း ပန်းရံလုပ်ငန်း လုပ်ကိုင် နေသည့် ဟန်းတဲရပ်ကွက်နေ ကိုမျိုးမင်းအောင်(၂၅)နှစ်နှင့် ကိုမျိုးမင်းလွင်(၂၃)နှစ်တို့တွင် ပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ မေလ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာသို့ PDF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း၌ လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးကြည်ဝင်း(၄၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မော်လမြိုင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *