October 20, 2024

၂.၆.၂၀၂၄
Written By Thandar

ပရိသတ် အားပေးချစ်ခင်မှုများစွာ ရရှိလာတဲ့ သရုပ်ဆောင် ခင်လှိုင်တို့ မိသားစု မောင်းနှင်လာတဲ့ ကားက ဘရိတ်ပေါက်ပြီးတိမ်းမှောက်ခဲ့ပေမယ့် ကျန်းမာဘေးကင်းစွာနဲ့အိမ်ပြန်ရောက်နေပါပြီလို့ ဇနီးဖြစ်သူက MT Entertainment ကို ဒီညနေမှာ ပြောပါတယ်။

ဒီဖြစ်စဥ်က ဇွန်လ ၁ ရက် ညနေပိုင်းက တောင်ကြီးမြို့ ကားလမ်းဘေးတစ်နေရာမှာ ခင်လှိုင်တို့မိသားစု လိုက်ပါလာတဲ့ ကားက ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

“အန်တီတို့ တောင်ကြီးဘက်သွားရင်း အိမ်က ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်သလိုဖြစ်သွားတာဟုတ်ပါတယ်။ ခုကတော့ အန်တီတို့ မိသားစုတွေ ဘာမှမဖြစ်ကြပါဘူး။ အန္တရာယ်ကင်းပါတယ်နော်။ ခုက ရန်ကုန်အိမ်ပြန်ရောက်နေကြပါပြီ “လို့ သရုပ်ဆောင် ခင်လှိုင်ရဲ့ ဇနီးဖြစ်သူက MT Entertainment ကို ပြောပါတယ်။

အဆိုပါ မိသားစုစီးနင်းလာတဲ့ ကားဘရိတ်ပေါက်ပြီး တောင်ကြီးမြို့အနီးလမ်းဘေးတစ်နေရာ ချောင်းထဲထိုးဆင်းတိမ်း‌မှောက်တဲ့အပေါ် ပရိသတ်တွေကလည်း စိတ်ပူပေးနေကြတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မိသားစု ကျန်းမာဘေးကင်းစွာနဲ့ ရန်ကုန်အိမ်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *