October 21, 2024

၂.၆.၂၀၂၄
Written By Thandar

စိန်နဲ့ ရတနာချစ်မြတ်နိုးသူတွေအတွက် “မန်းရွှေလီ” စိန်ရတနာ ဒုတိယမြောက်ဆိုင်ခွဲကို ယနေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် (၉)ရပ် ကွက်အမှတ် (၁၆၃) မှာ အနုပညာရှင်တွေဖြစ်တဲ့ ပိုင်တံခွန် ၊ မိုးဟေကို တို့တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

“မန္တလေးက မန်းရွှေလီ စိန်ရွှေတနာဆိုင် ဒုတိယဆိုင်ခွဲလေး ဖွင့်လှစ်တာကို မိုးကို ဖိတ်ကြားတာရယ်ကြောင့် တက်ရောက်ဖြစ်တာပါ။ ဝယ်ယူလိုသူတွေရဲ့ တောင်းဆိုချက်အရ ရန်ကုန်မှာထပ်မံဖွင့်တာပါ။ ခေတ်မီတဲ့ဒီဇိုင်းတွေလည်း မျိုးစုံရှိသလို ဈေးနှုန်းလေးကလည်း သင့်တင့်ပါတယ်။ ကိုယ်ကြိုက်နှစ်သစ်တဲ့ ဒီဇိုင်းတွေကိုလည်း စိတ်ကြိုက်အပ်လို့ရပါတယ် နောက်ထပ်ဆိုင်ခွဲတွေလည်း ဖွင့်နိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ သရုပ်ဆောင် မိုးဟေကိုက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ မိုးဟေကို၊ ဇွဲလရောင်၊ Sweet၊ MC စိုးကြီးတို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါတယ်။ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ အထူးလျှော့ဈေးတွေနဲ့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *