October 21, 2024

၂. ၆. ၂၀၂၄
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၁ ရက် ညနေ ၆ နာရီထိုးပြီးစ အချိန်ခန့်က ကွမ်းယာရောင်းနေသူရာအိမ်မှူးတစ်ဦးအား PDF ၂ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အမှတ် (၃)ရပ်ကွက် သာယာကုန်းရွာတွင် နေထိုင်သော အသက် ၃၈ နှစ်ခန့်အရွယ် ရာအိမ်မှူး ကိုထွန်းထွန်းဦးသည် ၎င်း၏ ကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းနေစဥ် PDF လူငယ် ၂ ဦးမှ ဘေးတွဲဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသောသေနတ်ဖြင့် ၂ ချက်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကိုထွန်းထွန်းဦးမှာ အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး တာဝန်ရှိသူများလာရောက်စစ်ဆေးစဥ် လျူဂါပစ္စတိုကျည်ခွံ ၂ ခုကို တွေ့ရှိခဲ့ရကြောင်းနှင့် လှိုင်သာယာမြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုပြုခဲ့သော်လည်း တရားခံ ၂ ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *