October 31, 2024

တစ်နေ့လုပ်ခ တိုးမြှင့်ပေးရေးအတွက် ဘန်ကောက်မြို့တွင် ဆန္ဒပြနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ရစဉ်

၂၁.၁၂. ၂၀၂၂

Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် လာရောက်၍အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဒီဇင်ဘာ ၁၉ ရက်တွင် ဘန်ကောက်မြို့၌စုဝေးကာ ၎င်းတို့၏တစ်နေ့လုပ်ခကို ဘတ် ၆၀၀ သို့ တိုးမြှင့်ပေးရေးနှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ဂရုပြုဆောင်ရွက်ပေးရေး ထိုင်းအစိုးရအား တောင်းဆိုဆန္ဒပြခဲ့ကြသည်။

Bright Future ဟု အမည်ပေးထားသောအုပ်စု၏ အောက်တွင် မြန်မာအလုပ်သမား ၁၀၀ ကျော်က စုဝေး၍ စိန့်လူးဝစ် မိုးပျံရထားဘူတာရုံအနီးရှိ မြန်မာသံရုံးအပြင်ဘက်တွင် မွန်းလွဲ ၂ နာရီခန့်က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ လုပ်ငန်းခက်ခဲကြမ်းတမ်း၍ အန္တရာယ်ရှိပြီး လစာနည်းသော ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင်ကြလျက်ရှိသည်။ ထို့ကြောင့်လည်း ထိုင်းလူနေမှုအဖွဲ့အစည်းအတွက်လည်း အထောက်အကူဖြစ်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အသအမှတ်ပြု၍ သင့်တော်သည့်လစာပေးသင့်ကြောင်း Bright Future အဖွဲ့ကပြောသည်။

Bright Future အဖွဲ့မှ ဆူရတ်ကီရီးက မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ပျမ်းမျှ ဘတ် ၁၀၀ မှ ၂၀၀ ကြားသာ ရရှိကြောင်း၊ အချို့က ဘတ် ၃၅၀ အထိ ရရှိတတ်ကြကြောင်း၊ သို့သော် ၎င်းတို့က လက်တစ်ဆုပ်စာ လူနည်းစုသာဖြစ်ကြောင်း၊ ဘတ် ၃၅၀ ရလျှင်ပင် သွားလာစရိတ်၊ နေထိုင်ခနှင့် အခြားမရှိမဖြစ်လိုအပ်မှုများအတွက် မလုံလောက်ကြောင်း၊ ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်ခက ဘတ် ၆၀၀ မှ ၇၀၀ ကြားရှိသင့်ကြောင်း ပြောခဲ့သည်။

Bright Future အဖွဲ့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တစ်နေ့လုပ်ခတိုးပေးရေးနှင့်အတူ အခြားသော အချက်လေးချက်ကိုလည်း ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref.The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *