October 21, 2024

၁.၆.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ကျိုက်ဝိုင်းဘုရားအနီးတွင် ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီ ၅၃ မိနစ်ခန့်က YBS – ၈၃ ယာဥ်လိုင်းမှ ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

​ဖြစ်စဥ်မှာ YBS – ၈၃ အနီရောင်ယာဥ်လိုင်းမှခရီးသည်တင်ယာဥ်တစ်စီးမှာ လှိုင်သာယာမြို့နယ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ မောင်းနှင်လာစဥ် လမ်းခုလတ်၌ အင်ဂျင်အပူလွန်ကဲ၍ ဆီပိုက်ပေါက်ပြီး အင်ဂျင်ပေါ်ဆီကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အင်ဂျင်နှင့် ဝါယာကြိုးအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၇ ဦး၊ ပရဟိတအဖွဲ့ဝင် ၅ ဦးတို့က ၅ မိနစ်ခန့်ကြာ ငြှိမ်းသတ်ခဲ့ကြသည်။

ခရီးသည်တင်ယာဥ် မီးလောင်မှု​ကြောင့် အသက် ၃၅ နှစ်အရွယ် ယာဥ်မောင်း ဦးထွန်းထွန်းနိုင်ကို မရမ်းကုန်းမြို့မရဲစခန်းက ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *