October 20, 2024

၁. ၆ .၂၀၂၄
Written by Hey Mar

ပဲခူး ရန်ကုန် အဝေးပြေး ဆယ်မိုင်ကုန်းဆင်းမှာ ကွန်တိန်နာတင်ဆောင်လာတဲ့၂၂ ဘီးတွဲကားနဲ့ အုတ်သယ်ဆောင်လာတဲ့ကားနှစ်စီး တိုက်မိပြီး နှစ်ဖက်ကား ဒရိုင်ဘာနှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ထားရတဲ့ဖြစ်စဥ် ဒီနေ့ ဇွန်လ ၁ ရက် ညနေ ၄ နာရီအကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်ဥ်က တွဲကားဟာ ကုန်းတက်ဘက်ခြမ်းက မောင်းနှင်လာရင်း စတီယာရင် တိုင်ပျက်ကာ စလစ်ဖြစ်လို့ တစ်ဖက်လမ်းလယ်ကျွန်းပေါ်ကို ကျော်တက်ရောက်ရှိကာ အုတ်တွေတင်ဆောင်လာတဲ့ ဖောကားကို ခါးလည်ဖြတ်တိုက်မိ​​တာလို့ သိရပါတယ်။ တိုက်မိတဲ့ အရှိန်နဲ့ အုတ်သယ်ယာဥ်ဖောကားတိမ်းမှောက်ပြီး ယာဥ်မောင်းမှာ အနီရောင်အဆင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အဖြူရောင်သစ္စာလူမှုကူညီရေးအသင်းထံက သိရပါတယ်။

“အဓိက ကတော့ အုတ်ကားက ဒရိုင်ဘာက ပြင်းထန်ဒဏ်ရာ စိုးရိမ်ရတယ်ပေါ့။ သူ့ကိုတိုက်တဲ့ တွဲကားဒရိုင်ဘာလည်း ဒဏ်ရာတော့များတယ်။ သူတို့နှစ်ဦးစလုံး အခု ပဲခူးဆေးရုံမှာပဲ။ အုတ်ကားပေါ်မှာက အကူလုပ်သားနဲ့ ယာဥ်မောင်းနဲ့ဆို လူက ၈ ယောက်ပါတယ်။ ယာဥ်မောင်းကလွဲရင် ကျန်လူတွေက ပွန်းပဲ့ နာကျင်လောက်ပါပဲ။ အန္တရာယ်ကင်းပါတယ်” လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ အဖြူရောင်သစ္စာလူမှုကူညီရေးအသင်းတာဝန်ရှိသူက MT Nwes ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *