October 20, 2024

၁.၆.၂၀၂၄
Written By Thandar

တေးဂီတကို ချစ်မြတ်နိုးကြတဲ့ ဂီတမှူး အကယ်ဒမီ ဓီရာမိုရ်ရဲ့ ဂီတမြို့သင်တန်းကျောင်းရဲ့ Music City Summer Camp 2024 နွေရာသီသင်တန်းဆင်းပွဲကို ယနေ့ ဇွန်လ ၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် စက်ဆန်းရှိ Studio Canvas မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ နာမည်ကြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အောင်ထက်တို့ တက်ရောက်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ နွေရာသီကာလကို ၃ လအတွင်းမှာ ကလေးတွေရဲ့ ဂီတအပေါ်မြတ်နိုးမှုတွေနဲ့ ပတ်သက်ပြီး သင်ကြားပေးခဲ့ပါတယ်။ တကယ်တော့ ဂီတမြို့ရဲ့ ကျောင်းသားတွေကို သင်တန်းဆင်းလက်မှတ်ပေးပွဲ ဂုဏ် ပြုပွဲလေးလုပ်တာပါ။ ကျွန်တော်ကလည်း ဂီတမြို့က ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ကလေးတွေ အတူတူ ပါဝင်တင်ဆက်ဖြစ်တာပါ။ ဂီတမြို့က လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင်ခဲ့တာကို သင်တန်းသား အနေနဲ့ဆိုရင် ၇ ယောက်မြောက် သင်တန်းသားဖြစ်ခဲ့ပါတယ်။ ခုကတော့ အောင်မြင်နေတဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးတဲ့ကျောင်းဖြစ်လို့ ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီနေ့ပွဲက အရမ်းလှပတဲ့နေလေးလို့ ခံစားရပါတယ်။ ပါဝင်သီဆိုရလို့လည်း ပီတိဖြစ်ရပါတယ်။ လက်ရှိ ကျွန်တော်လည်း စောင်းတီးတာ သင်ကြားနေပါတယ်” လို့ အဆိုတော် အောင်ထက်က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ ဂီတသင်တန်းဆင်း ကျောင်းသား ကျောင်းသူဟောင်းတွေ အပြင် ကျောင်း သားသစ်တွေနဲ့အတူ ဂီတမှူး အကယ်ဒမီ ဓီရာမိုရ်၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ အဆိုတော် အောင်ထက်၊ အလင်္ကာမင်းညီ စတဲ့သူတွေ တက်ရောက်ခဲ့ပြီး တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပါ သင်တန်းတွေမှာတော့ Piano ၊ Guitar ၊ Vocal ၊ Violin ၊ Harp ၊ Xylophone ၊ Barma Guitar ၊ မြန်မာ့ရိုးရာအကနဲ့ ပန်းချီတို့ကို သင်ကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *