October 20, 2024

၁. ၆. ၂၀၂၄
Written by Nay Moe

ဆယ်အိမ်မှူးမိသားစုအား PDF သုံးဖွဲ့ပေါင်း၍ လာရောက်ပစ်ခတ်သတ်ဖြတ်သဖြင့် မိသားစုသုံးဦးစလုံး ပွဲချင်းပြီးသေဆုံးမှု တောင်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ မေလ ၂၉ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်သာမြို့နယ်၊ ကန်တော်(တောင်)ကျေးရွာနေ ဆယ်အိမ်မှူးဖြစ်သူ ဦးအောင်ဆန်း (၄၉)နှစ်သည် သမီးဖြစ်သူ မနှင်းယုဝေအောင်(၁၉)နှစ်နှင့် သားမက်ဖြစ်သူ ကိုဆန်းလင်းအောင် (၂၇)နှစ်တို့နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတို့သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်မှုကို ကျုးလွန်သူများမှာ The Value of Young Men (မြင်းခြံခရိုင်တပ်ရင်း-၈) နှင့် အတူ တောင်သာမြို့နယ် ပကဖ၊ နေပြည်တော် PDF တပ်ရင်း (၈၀၁) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း The Value of Young Men က ယနေ့ ဇွန်လ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် The Value of Young Men ထုတ်ပြန်ချက်တွင်မူ ဆယ်အိမ်မှူးမိသားစုလိုက်ကို သတ်ဖြတ်ခဲ့သည် မထုတ်ပြန်ဘဲ “တောင်သာမြို့နယ်၊ တောင်ကန်တော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ဖြစ်သူ အောင်ဆန်းအား (၂၉.၅.၂၀၂၄) ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ ခန့်တွင် ၎င်းနေထိုင်ရာ နေအိမ်အတွင်း ဝင်ရောက်၍ ရှင်းလင်းခဲ့။ အောင်ဆန်းအပါအဝင် တပည့်(၂) ကောင်ကိုပါ ရှင်းလင်းနိုင်ခဲ့ပြီး ကာဘိုင်သေနတ်တစ်လက်၊ ကျည်အိမ် (၃)ခု၊ ကျည်ဆံ ၆၇ တောင့်နှင့် ဖုန်းတစ်လုံးတို့အား သိမ်းဆည်း ရရှိခဲ့ပါသည်”ဟုသာ ဖုံးကွယ်ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *