October 21, 2024

၁.၆.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်၏ ဖန်ခရိုင်အတွင်းတွင် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသ၌ ထိုင်းလုံ‌ခြုံရေးတပ်ဖွဲ့ဝင်များနှင့်မူးယစ်ဆေးဝါးသယ်ဆောင်သူများ ဇွန်လ ၁ ရက် နံနက်အစောပိုင်းနာရီများက တိုက်ပွဲဖြစ်ပွားခဲ့ကြရာ မူးယစ်ဆေးဝါးသယ်ဆောင်သူများထွက်ပြေးသွားခဲ့ကြပြီးနောက် မယ်သာဖက်တမင်း မူးယစ်ဆေးဝါး အတောင့် ၂၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများက ကင်းလှည့်ထွက်လာသော မူးယစ်ဆေးဝါးအထူးတပ်ဖွဲတစ်ဖွဲ့နှင့် မူးယစ်ဆေးဝါးသယ်ယူ ပို့ဆောင်ရေး ဂိုဏ်းတစ်ဂိုဏ်းတို့အကြား မုံပင် ခရိုင်ခွဲအတွင်း ဇွန်လ ၁ ရက် နံနက် ၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားအပြီး မူးယစ်ဂိုဏ်းအဖွဲ့ဝင်များက ထွက်ပြေးသွားကြကြောင်း သိရသည်။ ချင်းမိုင်ပြည်နယ် မူးယစ်ဆေးဝါးနှိမ်နင်း‌ရေးတပ်ဖွဲ့၏တပ်မှူး ဗိုလ်ချုပ်ကြီး နာရစ် သာဗေါင်ဗုံက မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဟု ပြောခဲ့သည်။

နံနက် ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာနယ်မြေကို စစ်ဆေးရာ၌ မူးယစ်အရာရှိများက မူးယစ်ဆေး ဝါးသယ်ဆောင်သူများစွန့်ပစ်သွားခဲ့ကြသည့် မူးယစ်ဆေးတောင့် ၁၀၀,၀၀၀ စီပါဝင်သော အထုပ်နှစ်ထုပ်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ဒေသအာဏာပိုင်များအနေဖြင့်ချင်းမိုင်ပြည်နယ်နယ်စပ်ကိုဖြတ်လျက် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးသယ်ဆောင်သူများက ဥပဒေနှင့်မညီ မူးယစ်ဆေးများခိုးသွင်းနေမှုကို တားဆီးရန် ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ကြီး နာရစ်က ပြောခဲ့သည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *