October 21, 2024

၁.၆. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာနိုင်ငံသားများ မည်သူကိုမှတရား မဝင် ဝင်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်ကာမယ်လ်က “မြန်မာနိုင်ငံမှာတိုက်ပွဲတွေဖြစ်နေတယ်။ ရခိုင်လက်နက် ကိုင်အဖွဲ့နဲ့ မြန်မာတပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသား ဘယ်သူကိုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူး”ဟု ပြောသည်။

ထိုအပြင်၎င်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မြန်မာအစိုးရကို ဆန့်ကျင်နေသော မြန်မာလက်နက်ကိုင်အဖွဲ့များ ရှိနေကြောင်း၊ မူးယစ်ဆေးလည်းဖြန့်ဖြူးလုပ်ကိုင်နေကြောင်း ထပ်မံပြောဆိုခဲ့သည်။

“ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေသူအချို့ဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေမှာ ပါဝင်နေတယ်။ ကျွန်တော်တို့တွေဟာ အဲဒီသူတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျသိဖို့ ကြိုးပမ်းနေတယ်။ လက်ရှိအချိန်မှာ ဘင်္ဂါလီဒုက္ခသည်စခန်းတွေအတွင်း လက်နက်တွေ နဲ့ လူသတ်မှုကျူးလွန်ရာမှာ ပါဝင်နေသူတွေကို စုံစမ်းရှာဖွေဖို့ ကြိုးပမ်းနေတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ဘင်္ဂါလီတွေရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေတယ်။ အဲဒီဘင်္ဂါလီတွေကို မကြာမီကာလအတွင်း မိခင်နိုင်ငံကို ပြန်ပို့နိုင်မှာမဟုတ်သေးဘူး”ဟု ပြောသည်။

REF observerbd

Leave a Reply

Your email address will not be published. Required fields are marked *