October 21, 2024

၁.၆. ၂၀၂၄
Written by Shwe Phyo

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သည် ၎င်းတို့နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ တရားမဝင်တင်သွင်းရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားနှစ်ဦးကို တက်နက်ဖ်မြို့တွင် မေလ ၃၁ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံသားနှစ်ဦးကို စိတ်ကြွဆေးပြား ၃ ဒသမ ၁ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ရာ အဆိုပါဖမ်းဆီးရမိသော မြန်မာနိုင်ငံသားနှစ်ဦးသည် အသက် ၁၉ နှစ်နှင့် အသက် ၂၁ နှစ်အရွယ်သာရှိသေးကြောင်း ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူး မာဟူဒင်အာမက်က ပြောသည်။

ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့သည် လျိုဝှက်သတင်းရယူရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများပို့ဆောင်ရန် ကြိုးပမ်းသူများကို စုံစမ်းခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါးများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြောသည်။

ဘင်္ဂလားဒေရှ့်အာဏာပိုင်များက ၎င်းတို့နိုင်ငံသည် မူးယစ်ဆေးဝါးထုတ်လုပ်သော နိုင်ငံမဟုတ်သော်လည်း နိုင်ငံအတွင်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ မူးယစ်ဆေးဝါးတင်ပို့မှုများရှိနေကြောင်း မကြာခဏပြောဆိုခဲ့ဖူးသည်။

REF risingbd

Leave a Reply

Your email address will not be published. Required fields are marked *