October 21, 2024

၁ . ၆. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်နဲ့ သဲကုန်းမြို့နယ်တွေက အုပ်ချုပ်ရေးမှူးနှစ်ဦးကို မနေ့က တစ်ရက်တည်းမှာ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ပေါင်းတည် PDF အဖွဲ့ဖြစ်တဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF) က ထုတ်ပြန်ထားပါတယ်။

ပေါင်းတည် PDF လိုက်လံချောင်းမြောင်းပစ်ခတ်လို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦးက ပြည်ခရိုင်ထဲက ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်အုပ်စုအုပ်ချုပ်ရေးမှူးဦးညွှန့်စိုးနဲ့ သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး(ယာယီ)ဦးအောင်ဝင်းတို့ဖြစ်​ပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးဟာ မေလ ၃၁ ရက် နေ့လယ် ၂ နာရီခွဲခန့်က ပေါင်းတလည်ဘက် ဆိုင်ကယ်နဲ့ထွက်လာချိန် ကြို့ပင်ဝိုင်းရွာအနီးမှာ တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၁)နဲ့ (ဆောင်းခိုငှက်) ပေါက်ခေါင်းမြို့နယ်-ပကဖအဖွဲ့တို့က နောက်ကနေ လိုက်ချောင်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဦးညွန့်စိုးဟာ ဦးခေါင်းကျည်ထိမှန်ပြီး နေရာတင် ပွဲချင်းပြီးသေဆုံးသွားတာလို့ ပေါင်းတည် PDF က ပြောပါတယ်။

အလားတူပဲ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး (ယာယီ) ဦးအောင်ဝင်းကိုလည်း မနေ့က မေလ ၃၁ ရက် ည ၇ နာရီခန့်မှာ တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၁) နဲ့ တပ်ခွဲ(၃) Wisdom(2)အဖွဲ့တို့က နေအိမ်အထိ သွားရောက်ပြီး အလစ်မှာ ပစ်ခတ်ခဲ့လို့ နောက်ကျောကျည်တစ်ချက်၊ ဦးခေါင်းကျည်တစ်ချက်ထိပြီး နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေကို အဓိကထားသတ်ဖြတ်တာကြောင့် လူရာဂဏန်းလောက်အထိ ပဲခူး PDF တွေ သတ်ဖြတ်နေပေမဲ့ ဖမ်းမိမှုနည်းပါးသလို နွေဦးတော်လှန်ရေး သုံးနှစ်ကျော်မှာလည်း PDF တွေက”ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်သူစွပ်စွဲချက်နဲ့ သတ်ဖြတ်ထားတဲ့ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးနဲ့ NLD ပါတီဝင်မဟုတ်သူ ၈၀၀၀ ကျော်ကို သတ်ဖြတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *