October 21, 2024

MT News
၁. ၆. ၂၀၂၄

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာယူ-၁၆ အသင်းသည် အုပ်စု (B)တွင် ကမ္ဘောဒီးယားအသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည် ဖြစ်သည်။

ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာမြို့တွင် ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၄ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အုပ်စုသုံးစုခွဲထားကာ အုပ်စုတစ်ခုစီမှ အုပ်စုပထမရသော အသင်းသုံးသင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

အုပ်စု (A) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူတို့ ကျရောက်နေပြီး အုပ်စု (C) တွင် ထိုင်း၊ မလေးရှား၊ တီမော၊ ဩစတြေးလျအသင်းတို့ ကျရောက်နေသည်။

မြန်မာယူ-၁၆ အသင်း အနေဖြင့် ဇွန်လ ၂၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယား၊ ဇွန်လ ၂၅ ရက် နေ့လယ် ၂ နာရီခွဲတွင် ဘရူနိုင်း၊ ဇွန်လ ၂၈ ရက် နေ့လယ် ၂ နာရီခွဲတွင် ဗီယက်နမ် အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *