October 22, 2024

MT News
၁. ၆. ၂၀၂၄

မြန်မာနိုင်ငံမှာ နှစ်စဉ် အကြီးကျယ်အခမ်းနားဆုံးကျင်းပတဲ့ “All For Love” Novotel Wedding Fair ကြီးကို AYA Bank နဲ့ AYA Pay က The Official Banking Partner အနေနဲ့ ပါဝင်ထားပြီး ဇွန်လ ၈ ရက်၊ ၉ ရက် မနက် ၉ နာရီကနေ ညနေ ၅ နာရီအချိန်တွေမှာ Novotel Yangon Max Hotel Ballroom အတွင်း စည်ကားခမ်းနားစွာကျင်းပသွားမှာဖြစ်ပါတယ်။

“All For Love” Novotel Wedding Fair ကြီးကို Novotel Yangon Max Hotel နဲ့ MY DREAM One Stop Wedding Service & Event Planning တို့ ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်ပြီး AYA Bank နဲ့ AYA Pay တို့ကလည်း အထူးလက်ဆောင်ပရိုမိုးရှင်းကြီးတွေ ပေးအပ်မှာပါ။

The Official Banking Partner အဖြစ် AYA Bank နဲ့ AYA Pay တို့အပြင် MAIN SPONSOR က Lucky Diamond Myanmar၊ DIAMOND SPONSOR က SP Bakery၊ GOLD SPONSOR က Kings Yangon – International School၊ City School Yangon၊ SHU SHU YIN ROYAL တို့နဲ့ SILVER SPONSOR အဖြစ် L.I.S.T Luxury Beauty Society၊ SRS Real Estate, Together Wedding Studio တို့က ပံ့ပိုးပေးသွားမှာဖြစ်ပြီး Exhibitors တွေအဖြစ် MAGESTIC CUSTOM TAILOR၊ KS Collection၊ ရတုဖိတ်စာ၊ f1 FITNESS၊ လှိုင်ထိပ်တင် Silk Acheiks & Laces၊ KT Photography၊ Studio A၊ ESKALA Hotels & Resorts၊ To My Dear Wedding & Event Decorations၊ My Angel Wedding Florist & Decoration၊ Dagon Printing & Invitations Cards နဲ့ Pyan Kann Premium Gifts Shop တို့က ပါဝင်ပြသကြမှာပါ။

ဒါ့အပြင် နိုင်ငံကျော် Fashion Designer မိုးကုတ်ပေါက်ပေါက်၊ မိတ်ကပ်ပညာရှင်လင်းလင်း၊ Eternal Flowers၊ SP Bakery၊ ပစ်တိုင်းထောင်၊ Nine စတဲ့ မိတ်ဖက်ပါတနာတွေရဲ့ ခမ်းနားတဲ့ အပြင်အဆင်တင်ဆက်မှုများစွာနဲ့ DJ MASTERBAYTAR ၊ DJ HEIN ZACK တို့ အပါအဝင် အခြားအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုများ နားဆင်ဖို့ Novotel Yangon Max Hotel ဆီ အ‌ရောက်လာခဲ့ဖို့ ချစ်သူစုံတွဲလေးတွေ အားလုံးကိုလည်း ဖိတ်ခေါ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *