October 22, 2024

၁.၆.၂၀၂၄
Written By Zun

NLD ပါတီ၏ နာယကကြီး သူရဦးတင်ဦး ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ယင်းနှင့်နီးစပ်သူတစ်ဦးက MT News ကို အတည်ပြုပြောဆိုသည်။

“မနက်က ၈ နာရီ ၄၅ မိနစ်လောက်မှာဆုံးတာပါ။ လောလောဆယ်တော့ သင်္ဂြိုဟ်မယ့်ကိစ္စတွေကို မသိရသေးဘူး။ ညကပဲ အခြေအ‌နေမကောင်းဘူး။ သလိပ်တက်လာတာတွေဖြစ်တယ်”ဟု ယင်းကပြောသည်။

သူရဦးတင်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုသဆောင်တွင်ဆေးကုသမှုခံယူခဲ့ရပြီး ‌စိုးရိမ်ရ‌သောကြောင့် အထူးကြပ်မတ်ကုသဆောင်သို့ မေလ ၃၀ ရက်က ပြောင်းရွှေ့ ကုသနေရခြင်းဖြစ်သည်။

“မေလ ၂၉ ရက်က နှလုံးရောဂါ ပြန်ဖြစ်လာတယ်။ ဆီးနည်းတယ်။ ချွဲကျပ်တယ် အစုံပါပဲ။ “အခုက ဆေးရုံကြီးမှာပဲ ရှိသေးတယ်။ ဘော်ဒီက ၅ ရက်ထားပြီးမှ သင်္ဂြိုဟ်ဖို့ စီစဉ်ထားပါတယ်”ဟု ယင်းမိသားစုနှင့်နီးစပ်သူကဆိုသည်။

သူရဦးတင်‌ဦးသည် ၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားကာ ကွယ်လွန်ချိန်တွင် အသက် (၉၈) နှစ်ရှိပြီဖြစ်သည်။

ပုံစာ။ ဦးတင်ဦး၏ ရှင်သန်စဥ်ပုံရိပ်အချို့ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *