October 31, 2024

MT News

Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရေးနှင့် မြန်မာအစိုးရအား နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးတောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဒီဇင်ဘာလ ၂၁ ရက်၌ မဲခွဲဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက်အဆိုပြုချက်တစ်ရပ်ကို အတည်ဖြစ်ရန်မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ ဦးအနက် ကိုးဦး၏ ထောက်ခံမဲလိုအပ်ပြီး အမြဲတမ်းအဖွဲ့ဝင်တစ်ဦးက ဗီတိုဖြင့်ပယ်ချမှုမခံရစေရေး လိုအပ်သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံသံအမတ်က “မြန်မာနိုင်ငံမှာ အခြေအနေတည်ငြိမ်ရေးကြိုးပမ်းနေပါတယ်။ ဒီလို ဆုံးဖြတ် ချက်မျိုးက မြန်မာအစိုးရရဲ့လုပ်ငန်းစဉ်ကို ထိခိုက်မှာစိုးရိမ်တယ်။ လက်ခံနိုင်ဖွယ်မရှိရင် ရုရှားအနေနဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး” ဟုပြောခဲ့သည်။

သို့သော် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအဖွဲ့ကမူ လတ်တလောတုံ့ပြန်ပြောကြားခြင်းမရှိသေးဟု သိရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *