၃၁. ၅. ၂၀၂၄
Written by Nay Moe
ရှမ်းပြည်နယ်၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နဲ့ တီကျစ်ကျေးရွာကြားမှာ PDF တွေ မိုင်းခွဲဖျက်ဆီးရာမှာ အသုံးပြုတဲ့ ဒီတိုနေတာ ၄၀၀၀၀ ကို သိုဝှက်သယ်ဆောင်လာသူသုံးဦးကို ဖမ်းမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖြစ်စဥ်က မေလ ၂၉ ရက်နေ့လယ်မှာ သတင်းအရ စိစစ်ချိန် ဖိုးဝှီးယာဉ်ပေါ် ရေသန့်ဗူးကတ်တွေ ဖုံးအုပ်ပြီး ပီနံအိတ်(၄)လုံးနဲ့ သယ်ဆောင်လာတဲ့ ဒီတိုနေတာ ၄၀၀၀၀ နဲ့အတူ လူသုံးဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေက ပျော်ဘွယ်မြို့နယ်၊ ဗောဓိကုန်းကျေးရွာနေ ကျော်နိုင်၊ ဇင်မာခိုင်နဲ့ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာက မောင်မောင်အေးတို့ဖြစ်ပါတယ်။
လက်ရှိမှာ ဖမ်းမိတရားခံ သုံးဦးကို မိုင်းခွဲဖျက်ဆီးတဲ့နေရာမှာ အသုံးပြုတဲ့ ဒီတိုနေတာ အများအပြားသယ်ဆောင်လာမှုနဲ့ လက်နက်ဥပဒေပုဒ်မ ၂၄ အရ နောင်တရားရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေသလို ဆက်နွှယ်တရားခံတွေကိုပါ ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။