September 20, 2024

၃၁. ၅. ၂၀၂၄
Written by Nyein Kyaw

လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင် (ပါမစ်အပါအဝင်) ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက တင်သွင်းသောကုမ္ပဏီနှင့် ကုန်ပစ္စည်းများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်နှင့် ပတ် သက်သည့်သတင်းလွှာ (၃/၂၀၂၄) ဖြင့် အသိပေးကြေညာထားသည်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၁၃ ပုဒ်မခွဲ(ခ)ကို ရည်ညွှန်း၍ “စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုင်စင်မရရှိဘဲ တင်သွင်းပြီး ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်” ဟု ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်သည်။ ထို့ပြင် သွင်းကုန်လိုင်စင် (ပါမစ်အပါအဝင်) ခွင့်ပြုချက်မရမီ ဆိပ်ကမ်း၊ လေဆိပ်သို့ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ (၅- ၄- ၂၀၂၂) ရက်စွဲပါ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ(၆/၂၀၂၂) ဖြင့်လည်းကောင်း၊ ကုန်သွယ်ရေးစီးဌာန၏ (၅- ၄- ၂၀၂၄) ရက်စွဲပါ အသိပေးကြောညာချက်ဖြင့် လည်းကောင်း ထပ်မံအသိပေးထုတ်ပြထားပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင် (ပါမစ်အပါအဝင်) ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါသွင်းကုန်ပစ္စည်းများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထာသည်။

အထက်ပါ စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *