September 20, 2024

၃၁. ၅. ၂၀၂၄
Written by Nay Moe

ဗန်းမော်နှင့် ဖြူးမြို့နယ်မှ ရွာများကို KNU၊ KIA နှင့် PDF များက မေလ ၂၈ ရက်တွင် လက်နက်ကြီးများ၊ ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်၍ အမျိုးသမီးငယ်တစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာသို့ KIA အဖွဲ့နှင့် KPDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးဘထွန်း(၇၈)နှစ်၊ ကိုမင်းထွဋ်(၂၂)နှစ်နှင့် ဒေါ်တင်ရှိ(၄၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ည ၈ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ရှစ်ခင် (အနောက်)ကျေးရွာသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မအိအိစိုး(၁၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ကောင်းပြည့်လျှံ(၄)နှစ်၊ မသန္တာ (၄၅)နှစ်၊ မအိထက်စန္ဒီကျော်(၂၅)နှစ်၊ ဦးဇော်မင်း(၃၉)နှစ်၊ ဒေါ်မာမာလွင်(၃၀)နှစ်တို့တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အပြစ်မဲ့ပြည်သူများအား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိအောင် လက်နက်ကြီးများ၊ Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *