September 20, 2024

အကျဥ်းသား ၉၈ ဦးတွင် နိုင်ငံရေးအကျဥ်းသားဘင်္ဂါလီ ၃၁ ဦးပါသည် စာရင်းပြထားပြီး ကျန်သူများမှာ လူသတ်မုဒိမ်းကောင်များဖြစ်နေ

၃၁. ၅. ၂၀၂၄
Written by Nay Moe

ဘူးသီးတောင်မြို့ကို သိမ်းနိုင်တယ်သတင်းထွက်အပြီး မေလ ၁၇ ရက်ညကစလို့ ဘူးသီးတောင်မြို့က အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီနေအိမ်တွေ မီးရှို့ဖျက်ဆီးမှုနဲ့ အစ္စလာမ္မစ်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုခံနေရတဲ့ ရခိုင်လက်နက်ကိုင် (AA) ဟာ သူသိမ်းထားတဲ့ ဘူးသီးတောင်မြို့က အကျဉ်းထောင်မှာ ပိတ်မိနေကြတဲ့ နိုင်ငံရေးပုဒ်မအပါအဝင် လူသတ်၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှုနဲ့အကျဥ်းကျခံနေရတဲ့အကျဥ်းသား ၉၈ ကို ထောင်ကထုတ်ပြီးစောင့်ရှောက်ပေးနေတယ်လို့ ဒီနေ့ည လေ ၃၀ ရက် ည ၁၁ နာရီ ၄၂ မိနစ်မှာ ထုတ်ပြန်လာပါတယ်။

AA ဟာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးကို ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်းမှာ ဘူးသီးတောင် အကျဉ်းထောင်ထဲပိတ်မိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိသော ရာဇဝတ်မှုအသီးသီးကျူးလွန်ထားသည့် အကျဉ်းသားစုစုပေါင်း (၉၈) ဦးကို ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့မှာ ဘေးလွတ်ရာ ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ဒီနေ့ညထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုဒိမ်း၊ လူသတ်ကောင်အများစုပါဝင်တဲ့ အကျဉ်းသား (၉၈) ဦးကို AA ရဲ့ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက အချက်အလက်ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုစံနှုန်းအရ မုဒိမ်းလူသတ် အကျဥ်းသားတွေ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရေးပေါ်လိုအပ်တဲ့ စားဝတ်နေရေးထောက်ပံ့ကူညီမှုကိုလုပ်ဆောင်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်သိမ်းနေတဲ့ AA ဟာ ဘင်္ဂါလီကလေးသူငယ်တွေ စစ်သားစုတာ၊ ဘင်္ဂါလီတွေကိုလူကုန်ကူးတာ၊ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကလည်း မြန်မာအစိုးရလက်ခံထားတဲ့ ဘင်္ဂါလီလို့ပဲသုံးနှုန်းပြီး အစ္စလာမ်အဖွဲ့အစည်းတွေ သုံးစေချင်သလိုရိုဟင်ဂျာလို့မသုံးတာ၊ ဘင်္ဂါလီဆယ်ရာချီသတ်ထားလို့ FRC တည်ထောင်သူ ရိုနေဆန်းလွင်နဲ့ ဘင်္ဂါလီအဖွဲ့အစည်း ၃၀ လောက်ရဲ့စာထုတ် ရှုတ်ချမှုခံနေရတာ၊ ဘူးသီးတောင်၊ မောင်တောမြို့ကဘင်္ဂါလီ ၂ သိန်းကျော်ရဲ့ ၈၀ ရာခိုင်နှုန်းက AA ကို လက်မခံလို့ဆိုပြီး နှိပ်ကွပ်နေတာကြောင့် အစ္စလာမ္မစ်အဖွဲ့အစည်းတွေက ဖိအားပေးနေတာကြောင့်လည်း AA ဟာ ဒီဖိအားတွေလျော့ဖို့ လူသတ်မုဒိမ်းကောင်တွေကိုပါ ဘူးသီးတောင်ထောင်ကထုတ်ပြီး စောင့်ရှောက်နေတယ် ထုတ်ပြန်လာရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *