September 20, 2024

၃၀.၅.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြိုကုန်း၊ ရပ်ကွက်ရုံးကို PDF အဖွဲ့က သေနတ်ဖြင့် မေလ ၃၀ ရက် ည ၈ နာရီကျော် အချိန်က လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးကို PDF များက လမ်းပေါ်မောင်းနှင်နေသော မော်တော်ယာဉ်တစ်စီးပေါ်မှ လှမ်း၍ သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက MT News ကို မေလ ၃၀ ရက် ညပိုင်းက ပြောသည်။

“ဒီကောင်တွေက ကားပေါ်ကနေ ပစ်တာ။ သေနတ်နဲ့ လေးငါး ခြောက်ချက်လောက်ပေါ့။ ဘာမှ မထိ။ ခုံကိုပဲ ထိတယ်။ လူ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိဘူး”ဟု ၎င်းက ပြောသည်။

မေလ ၂၉ ရက် ညပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ်ရှိ မြဝတီဘဏ်အနီးတွင် အသံဗုံးတစ်လုံး ပေါက်ကွဲခဲ့တာ ယနေ့မနက် မေလ ၃၀ ရက် နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တက်ကြီးကုန်းကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းနှင့် ကျောင်းကြီးလမ်းထောင့်တွင် PDF များ ထောင်ခဲ့သည့် ဗုံးများထဲမှ တစ်လုံးပေါက်ကွဲခဲ့ကာ နှစ်လုံးကို ဖျက်ဆီးခဲ့ရသေးကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု၊ တွေ့ရှိမှု၊ ပစ်ခတ်မှု ဖြစ်စဉ်များ နေရာစိပ်စိပ် ဖြစ်ပွားလာနေသည်ဟုဆိုနိုင်ကြောင်းလည်း အဆိုပါ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *