September 20, 2024

၃၀. ၅. ၂၀၂၄
Written by Nyein Kyaw

ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှစတင်ခဲ့ပြီး ယနေ့ ခုနစ်ရက်‌မြောက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၅,၉၅၉,၂၃၈ ဦး (၅ ဒသမ ၉၅၉ သန်း)ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ ၃ ရက် (တနင်္လာနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး မည်သည့်အခကြေးငွေမျှ မကောက်ရမည့်အပြင် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနက သတိပေးထားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅,၆၀၉,၆၇၆ (၅ ဒသမ ၆ သန်းကျော်) ဦး ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၈,၁၀၈,၂၂၇ (၈ ဒသမ ၁ သန်းကျော်) ဦးအထိ ကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *