November 13, 2024
photo_2024-05-30_15-23-16

၃၀. ၅. ၂၀၂၄
Written by Nay Moe

သာသနာ့နွယ်ဝင် ငယ်ဖြူကျောင်းထိုင်ရဟန်းတစ်ပါး၊ ဆေးရုံဝန်ထမ်းတစ်ဦးနှင့် အမျိုးသားကြီးတစ်ဦးအား PDF များက လုယက်သတ်ဖြတ်မှု မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထနောင်းကိုင်းကျေးရွာအတွင်းသို့ PDF အင်အား ၂၀ ဦးခန့်က ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ဦးမြင့်ဝင်း(၅၈)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ ငွေကျပ် ၃၀ သိန်း၊ လက်တော့(ပ်)ကွန်ပျူတာ ၁ လုံး၊ Drone ယာဉ် ၁ စီး၊ ကင်မရာ ၁ လုံးတို့အား လုယက်ယူဆောင်သွားခဲ့သည်။ ထိုနောက် ထနောင်းကိုင်းကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသောဘိတ(၄၆)နှစ် ဝါတော် (၂၆)ဝါအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းရှိ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့အားလည်းကောင်း လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ဝင်းနှင့် ဆရာတော် ဥူးသောဘိတတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာရှိ ပြန်လည်သန်စွမ်းရေးဆေးရုံမှ အထွေထွေဝန်ထမ်းဖြစ်သူ ကိုဝေဖြိုးအောင် (၃၉)နှစ်သည် ဆေးရုံဝင်းရှိ ၎င်း၏နေအိမ်လိုင်းခန်း၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ကိုဝေဖြိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ၂၀၂၄ ခုနှစ် ဧပြီလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်နှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၈၀၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့ လုယက်သတ်ဖြတ်မှုခံထားရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *