September 21, 2024

၃၀.၅.၂၀၂၄
Written By Thandar
 
ဆွီဒင်မြန်မာကပြားမလေးမို့ ပရိသတ်ချစ်ခင်မှု ပိုမိုရရှိထားတဲ့ အလှမယ်သက်စံအန်တာစံကတော့ Miss Universe Myanmar 2024 ပြိုင်ပွဲကြီးရဲ့ National Costume Competition ပွဲမှာ ရွှေတိဂုံဘုရားရှေ့က ခြင်္သေ့ရုပ်ပုံစံ ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးချပြခွင့်ရလို့ အရမ်းဂုဏ်ယူမိတယ်လို့ဆိုပါတယ်။

“ကျွန်မက National Costume ကို ရွှေတိဂုံဘုရားရှေ့မှာ ထိုင်နေတဲ့ ခြင်္သေ့ရုပ်ကို သဘောကျတယ်။ ကိုယ်တိုင်က ဒီဇိုင်နာအလုပ်ကို အရင်ကတည်းက လုပ်ခဲ့သူဆိုတော့ ဒီဇိုင်းဆွဲတာဝါသနာပါလို ကိုယ့်ဘာသာပဲ ဆွဲထားတယ်။ ကျွန်မကိုယ်တိုင်ဗုဒ္ဓပဒုမ္မာပန်းအတွက် ပွင့်ဖတ်ပွင့်ချပ်လေးတွေကို အကုန်အိမ်မှာ အရောင်တွေဆိုးတယ်။ ပန်းဆိုင်ကိုသွားပြီး လက်တွေ့စမ်းသပ်ပြီး လုပ်ခဲ့တာပါ။ အချိန်တွေလည်း အများကြီးပေးထားတယ်။ Team ကလည်း သေချာမအိပ်ရဘူး။ အရောင်ပိုင်းက အစပေါ့နော်။ ကျွန်မရဲ့ကိုယ်တိုင်ဖန်တီးခွင့်ရတဲ့ ဒီဇိုင်းကို ချပြရလို့လည်း ကျေနပ်တယ်။ ခြင်္သေ့ရဲ့မျက်နှာပိုင်းနဲ့ပတ်သက်ပြီးလည်း သေချာလေ့လာပြီးမှ မျက်နှာအနေအထားတစ်ခုကို ချပြခဲ့တာပါ။ ဒီဝတ်စုံက တကယ်တော့ စျေးမပေါတဲ့ဝတ်စုံလို့ပြောလို့ရတယ်။ ကိုယ်ကြိုးစားဖန်တီးထားတာကို ပြခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူရတယ်”လို့ Miss Universe Yangon North အလှမယ် သက်စံအန်တာဆန်က ပြောပါတယ်။

ဒီပြိုင်ပွဲကြီးမှာတော့  ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက ကိုယ်စားပြုအလှမယ် ၅၂ ဦးက သူတို့  ဒေသအသီးသီးကို ကိုယ်စားပြုတဲ့ ထူးခြားဆန်းပြားတဲ့ National Costume ဝတ်စုံတွေကို ချပြခဲ့ရာမှာတော့ Miss Universe Yangon North အလှမယ်သက်စံအန်တာဆန်၊ Miss Universe Keng Tung အလှမယ် နန်းတစ်၊ Miss Universe Yangon East အလှမယ် ဇင်မိုးပြည့်၊ Miss Universe Yangon South အလှမယ် ဟန်လေး၊ Miss Universe Mawlamyine  အလှမယ် အိမ့်မျက်ခြယ်တို့က Top 5 စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။ The Best National Costume Winner ဆုကို Miss Universe Yangon North ဟန်လေးက ရရှိခဲ့တာဖြစ်သလို Miss Universe Tachileik အလှမယ် နန်းလောင်ဝ်လျန်းက People Choice Award ဆုရရှိခဲ့ကြပါတယ်။

“လာမယ့် နောက်ဆုံးလာမယ့် ပြိုင်ပွဲကြီးအတွက်လည်း အရမ်းရင်ခုန် စိတ်လှုပ်ရှားရပါတယ်။ ကျွန်မက အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။ ဆုရတာ မရတာထက် အကောင်းဆုံးယှဥ်ပြိုင်ခဲ့တယ်လို့ပဲ တွေးပါတယ်။ အားလုံးကိုလည်း ချစ်ပါတယ်။ လာမယ့် ဇွန်လ ၇ ရက်ကျရင်လည်း အားလုံးပံ့ပိုးကူညီအားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Miss Universe Myanmar 2024 ရဲ့ Grand Final ပွဲကြီးကို လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ကျင်းပသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *