September 21, 2024

၃၀.၅.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကမ်းနားလမ်း၊ ဧရာဝတီတံတားတောင်ဘက်ရေစပ်တွင် အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦး မိမိကိုယ်ကိုယ်ရေနှစ်အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်တွင် မေလ ၂၉ ရက် ည ၆ နာရီ မိနစ် ၅၀ အချိန်တွင် အမျိုးသမီးတစ်ဦးရေနစ်သေဆုံးနေကြောင်း ရုပ်အလောင်းကိုသယ်ဆောင်ပေးစေလိုသည်ဟု မကွေးမြို့ရှိ တာဝန်ရှိသူများမှ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားသောကြောင့် ရုပ်အလောင်းကို မကွေးပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဒီအမျိုးသမီးက အရင်ကလည်း သေကြောင်းကြံသေးတယ်။ အဲ့နားက ကောင်လေးတစ်ယောက်က တားလိုက်လို့။ မိသားစုတွေကလည်း အဲ့လိုထပ်လုပ်မှာစိုးလို့ခေါ်ထားတာ။ ပြီးတော့ သူက အမျိုးတွေဆီသွားမယ်ဆိုပြီး ထွက်သွားတာ။ အဲ့မှာရေနစ်သေဆုံးတော့တာပဲ” ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုရေနစ်သေဆုံးသည့် အမျိုးသမီးမှာ မကွေးမြို့၊ စမ်းမကြီးရွာတွင် နေထိုင်သည့် အသက် ၅၀ နှစ်အရွယ် ဒေါ်စောဝင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *