September 20, 2024

၂၉.၅.၂၀၂၄
Written by KL

မကွေး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဥ်နှင့် လူနှစ်ဦး စီးလာသော ဆိုင်ကယ်ဝင်တိုက်ရာမှ အမျိုးသားကြီး တစ်ဦးသေဆုံးမှု ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပြည် – အောင်လံ ကားလမ်းမပေါ် ၊ တီတွတ် ဂေါက်ကွင်းအနီးတွင် မေလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်က ​ဖြစ်ပွားခဲ့သည်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ယာဥ်အောက်တွင် ညပ်နေသော ဆိုင်ကယ်မောင်းသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးမှာ ဦးခေါင်း ထိိခိုက်ဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာ၊ ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်ကျိုးဒဏ်ရာ၊တင်ပါးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်အနောက်၌ လိုက်ပါလာသော အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတွင် ခြေသလုံး အရေပြားလန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ( ပြည် ) ပရဟိတပါရမီထံမှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ဆိုင်ကယ်က ပြည်ကိုအထွက် ကားက ကောင်းမြတ်သာ ကားလို့ သိရတယ်။ ပြည်အဝင်မှာ ဖြစ်သွားတာ၊။ သေဆုံး​သွားတဲ့သူက ရဲတပ်ရင်း (၁၀)က တပ်ကြပ်ကြီးလို့ သိရတယ်။ သူ့သမီးလည်း ခြေထောက်တွေထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ယာဥ်မတော်တဆမှုကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ( ပြည် ) ပရဟိတပါရမီမှ အဖွဲ့ဝင် ၆ ဦးက သွားရောက်ကူညီပေးခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အမျိုးသမီးတို့ကို ပြည်ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *