September 20, 2024

၂၉.၅. ၂၀၂၄
Written by Shwe Phyo

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန(JIM) တာဝန်ရှိသူများသည် မေလ ၂၈ ရက်နေ့က Sentul အရပ်ဒေသကို စီးနင်းရှာဖွေခဲ့ရာ မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသား ၁၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။

မလေးရှားအာဏာပိုင်များသည် ရရှိသော သတင်းအချက်အလက်များကိုအခြေခံပြီး မေလ ၂၈ ရက်နေ့ နံနက် ၁ နာရီတွင် စီးနင်းခဲ့ခြင်းဖြစ်ကာ တရားဝင်အထောက်အထားစာရွက်စာတမ်းမပါသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သူများထဲတွင် မြန်မာနိုင်ငံသား ၉၅ ဦးပါဝင်ခဲ့သလို အင်ဒိုနီးရှားနိုင်ငံသား ၇ ဦးနှင့် အိန္ဒိယနိုင်ငံသား ၂၁ ဦးလည်း ပါဝင်ခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ် ရေးအာဏာပိုင်များက ပြောသည်။ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ရှိသူများက အဆိုပါ နိုင်ငံခြားသားများသည် ဒေသခံများထံမှ အိမ်ကိုငှားရမ်းနေထိုင်နေခြင်းဖြစ်ပြီး တစ်လကို အိမ်ငှားရမ်းခအဖြစ် မလေးရှားရင်းဂစ် ၄၀၀ ပေးရကာ အနီးပတ်ဝန်းကျင်တွင် လုပ်ငန်းမျိုးစုံလုပ်ကိုင်နေကြကြောင်း ပြောသည်။

စီးနင်းချိန်အတွင်း အချို့နိုင်ငံခြားသားများသည် အိမ်ခေါင်မိုးအပေါ် တက်ပြေးခြင်း၊ အခန်းတံခါးကို ပိတ်ထားခြင်းအပါအဝင် ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းရန် ကြိုးပမ်းခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ပြောသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြား သား ၁၂၃ ဦးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

REF asianewsnetwork

Leave a Reply

Your email address will not be published. Required fields are marked *