September 20, 2024

၂၉.၅.၂၀၂၄
Translated by Htwe Ko Tun

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီတီးတွင် ဂါဇာဒေသ၊ရာဖာမြို့အား အစ္စရေးလုံခြု့ရေးတပ်ဖွဲ့များက ဟားမားစ် အုပ်စုအားချေမှုန်းရန်အတွက်ဟုဆိုကာ ထိုးစစ်ဆင်လာမှုအပေါ် ကန့်ကွက်ဆန္ဒပြသော လူစုကြီးနှင့်မက္ကဆီကို ရဲတပ်ဖွဲ့တို့ အစ္စရေးသံရုံးအပြင်ဘက်တွင် မေလ ၂၈ ရက်က အဓိကရုဏ်းဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသမားအချို့က ၎င်းတို့၏မျက်နှာများကို ဖုံးကာထားကြကာ ရဲတပ်ဖွဲ့ဝင်များအား ကျောက်တုံးများဖြင့်ပစ်ပေါက်ခဲ့ကြသည်။ အဓိကရုဏ်းရဲတပ်ဖွဲ့ဝင်များကလည်း မြို့၏ သံတမန်အိမ်ရာဝင်းသို့ သွားရာလမ်းအတိုင်းချီတက်လာသော ဆန္ဒပြသမားများအား ပိတ်ဆို့ထားခဲ့ကြသည်။

‘ရာဖာအတွက် အရေးတကြီးဆောင်ရွက်မှု” အမည်ပေးထားခဲ့ကြသော အဆိုပါဆန္ဒပြပွဲတွင် လူ ၂၀၀ ခန့် ပါဝင်ခဲ့ကြပြီး ၎င်းတို့ထဲမှ ၃၀ ခန့်က အစ္စရေးသံရုံးသို့သွားရာလမ်းတွင် ၎င်းတို့အားပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှား၍ ဆက်လက်ချီတက်နိုင်ရန် ကြိုးစားခဲ့ကြသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်လာသော ဆန္ဒပြသမားများအား မျက်ရည်ယိုဗုံးများ၊ ကျောက်တုံးများဖြင့်ပြန်လှန်ပစ်ခတ်ခဲ့ကြသည်။ နှစ်ဖက်တိုက်ခိုက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

Ref -Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *