September 20, 2024

၂၈.၅. ၂၀၂၄
Written by Shwe Phyo

ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom State Corporations သည် မြန်မာနိုင်ငံတွင် Low-power နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ပေးဖွယ်ရှိနေကြောင်း ရုရှားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မြန်မာနိုင်ငံပိုင်နက်နယ်မြေအပေါ်တွင် နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရန်အတွက် Intergovernmental Agreement သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း သိရသည်။

ရုရှားအစိုးရသည် အဆိုပါစီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် Rosatom ကုမ္ပဏီကို အပ်နှင်းထားပြီး လျှပ်စစ်ဓာတ်အား ၁၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့်နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ဖွယ်ရှိနေကြောင်း ရုရှားအခြေစိုက် Energyland သတင်းဌာနတွင် ဖော်ပြထားသည်။

ရုရှားအစိုးရနှင့်မြန်မာအစိုးရတို့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူညီမှုစာချုပ်ကို Rosatom state corporations ၏ General Director ဖြစ်သူနှင့် မြန်မာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများသည်ပြီးခဲ့သောနှစ်ပိုင်းအတွင်းတိုးတက်ကောင်းမွန်လာခဲ့ပြီးနောက် နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်နိုင်ရန် စီစဉ်လာခြင်းဖြစ်သည်။

REF energyland

Leave a Reply

Your email address will not be published. Required fields are marked *