October 20, 2024

၂၈.၅.၂၀၂၄
Written By Thandar

မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲဖြစ်တဲ့ “Miss Universe Myanmar 2024” ရဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲကြီးကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ Novotel Hotel မှာကျင်းခဲ့ရာ Best in National Costume Award Winner ဆုကို အလှမယ် ဟန်လေးက ရရှိခဲ့ပါတယ်။

အလှမယ်ဟန်လေးက ရှမ်းပြည်နယ်ဖွားဖြစ်ပေမယ့် မိဘနဲ့ မွေးရပ်ဌာနေကို ခွဲခွာပြီး မဟာရွှေရန်ကုန်မြို့တော်ကြီးမှာ ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်း ရုန်းကန်နေရသူမို့ မွေးရပ်ဌာနေရဲ့ ဝတ်စုံကို ဂုဏ်ယူစွာဝတ်ဆင်ပြီး ယနေ့ထိ နားခိုခွင့်ပေးတဲ့ မဟာရွှေရန်ကုန်မြို့တော်ကြီးကိုလည်း ကျေးဇူးတင်ရင်း လက်တွင်ကိုင်ဆောင်ထားတဲ့ ချိုးဖြူငှက်လေးက မြန်မာပြည်ကြီးသာမက ကမ္ဘာကြီးပါ ငြိမ်းချမ်းရေး နိမိတ်ဆောင်မ,ပါစေတဲ့ “တိုင်းနေ မဟေသီ”ဝတ်စုံကို ဂုဏ်ယူစွာ ဝတ်ဆင်ပြသခဲ့တာဖြစ်ပါတယ်။

Miss Universe Yangon South ဟန်လေးက “တိုင်းနေ မဟေသီ” ဝတ်စုံက ဒီဇိုင်နာ စိုင်းဆိုင်စွမ်မိန်း(မူဆယ်)ရဲ့ လက်ရာဖြစ်ပြီး ရွှေလီမြစ်ဝှမ်းဒေသမှာ နေထိုင်တဲ့ “တိုင်းနေ” ရှမ်းတိုင်းရင်းသား အမျိုးသမီးဝတ်စုံနဲ့ဆုရရှိခဲ့တာဖြစ်ပါတယ်။

The Best Fashion ပွဲတက်ဖက်ရှင်အမျိုးသားဆုကို NK အောင်ရှ ၊ The Best Fashion ပွဲတက်ဖက်ရှင် အမျိုးသမီးဆုကို မေနွယ်ထွန်း ၊ ဒီဇိုင်နာ နွေးနွေးရဲ့ ဖန်တီးထားတဲ့ “လက်ဖက်ခူးယူ(လွယ်)ပလန်တိုင်းရင်းသူ” ဝတ်စုံနဲ့ Miss Universe Tachileik အလှမယ် နန်းလောင်ဝ်လျန်းက People Choice Award ဆု ၊ Best in National Costume Award Winner ဆုကို အလှမယ် ဟန်လေးက”တိုင်းနေ မဟေသီ” ဝတ်စုံနဲ့ ဆုတွေ ရရှိခဲ့ပါတယ်။

အလှမယ် ဟန်လေးက “Miss Universe Myanmar ” ရဲ့ Best in National Costume ဆုကို နှစ်ကြိမ်တိတိရရှိခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ သူမသည် Miss Universe Myanmar ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်က Best in National Costume နဲ့ Miss Universe Myanmar 2024 Best in National Costume တို့ကို ရရှိထားသူဖြစ်ပါတယ်။

Miss Universe Myanmar 2024 ရဲ့ Grand Final ပွဲကြီးကို လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ကျင်းပသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *