၂၈.၅.၂၀၂၄
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ အခန်းတွဲတွင် ကလေး၂ ယောက်အမေ ဆွဲကြိုးချ(ကြိုးဆွဲချ)သေဆုံးမှု မေလ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ကလေးငယ် ၂ ဦး၏မိခင်လည်းဖြစ်ကာ ခင်ပွန်းဖြစ်သူက နောက်အိမ်ထောင်ပြုသွားသဖြင့် စိတ်ထိခိုက်၍ ဆွဲကြိုးဆွဲချသေဆုံးခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ယောကျ်ားက နောက်မိန်းမယူသွားလို့ ကြိုးဆွဲချပြီး သတ်သေသွားတာလို့သိရတယ်။ ၄ နှစ်သမီးတစ်ယောက်နဲ့ ၂ နှစ် သားတစ်ယောက်တော့ ကျန်ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့မှ အဖွဲ့ဝင် ၄ ဦးက သွားရောက်သယ်ဆောင်ပေးခဲ့ပြီး ၂ မိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။