November 2, 2024

၂၈.၅. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယအမျိုးသားထောက်လှမ်းရေးအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များကို လက်နက်များ မှောင်ခိုရောင်းချပေးနေသည့်ကွန်ရက်မှ အဓိကသံသယရှိသူများအား ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

အိန္ဒိယအမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIA)သည် လက်နက်ခဲယမ်းမီးကျောက်များကို မှောင်ခိုတင်သွင်းရောင်းချနေသည့် အိုင်ဇောလ်ဒေသမှ လက်နက်ရောင်းချသော ဆိုင်နှစ်ဆိုင်အပါအဝင် နေရာပေါင်း ၆ ခုကို စီးနင်းခဲ့ပြီးနောက် အဓိကသံသယရှိသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါစီးနင်းရှာဖွေချိန်အတွင်း ပေါက်ကွဲစေသောပစ္စည်းများ၊ ခဲယမ်းကျည်ဆံများ၊ စာရွက်စာတမ်းများနှင့် Digital Devices များကို သိမ်းဆည်းရရှိခဲ့ကြောင်း NIA အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖမ်းဆီးရမိသူများသည် မြန်မာနယ်စပ်ဒေသရှိ လက်နက်မှောင်ခိုကွန်ရက်များနှင့် ဆက်သွယ်နေသလို နိုင်ငံအတွင်း မတူညီသောပြည်နယ်များသို့ လက်နက်များ မှောင်ခိုတင်ပို့နေသူများဖြစ်ကြောင်း NIA အဖွဲ့က ပြောသည်။ NIA အဖွဲ့က ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအခြေစိုက် လက်နက်ကိုင်အုပ်စုများကို စစ်လက်နက်ပစ္စည်းများနှင့်ခဲယမ်းမီးကျောက်များ ကူညီပေးနေကြောင်း ပြောသည်။

NIA အဖွဲ့သည် အဆိုပါဖမ်းဆီးမှုအတွင်း အဓိကသံသယရှိသူတစ်ဦးဖြစ်သည့် ဆိုလိုမိုနာဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ယင်းမှာမြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် လက်နက်ခဲယမ်းမီးကျောက်များမှောင်ခိုတင်ပို့ရောင်းချနေသူဖြစ်ကြောင်း ပြောသည်။

REF ,thestatesman

Leave a Reply

Your email address will not be published. Required fields are marked *