၂၈. ၅. ၂၀၂၄
Written by Thettant
ယမန်နေ့ မေလ ၂၇ ရက် ညနေ ၄ နာရီ မိနစ် ၅၀ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၄/၆-၇)ဖာလုံကြားတွင် ယာဉ်မတော်ဆမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော FORTUNER အမျိုးစား(အညိုရောင်)ယာဥ်သည် မောင်းနှင်လာစဉ် မိုးရွာသွန်းပြီး စလစ်ဖြစ်၍ လမ်းလယ်ကျွန်းရှိ ထန်းပင်သေး(၂)ပင်အား ဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ် တိမ်းမှောက်ရပ်တန့်သွားခဲ့သည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး၊ ကလေးငယ်(ကျား၊ မ ၂ ဦး)၊ စုစုပေါင်း(၄)ဦးအနက် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ငူလူမှုကူညီရေးလူနာတင်ယာဉ်ဖြင့် နေပြည် တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။
အဆိုပါ ယာဥ်မတော်တဆမှုကို သာဂရအမြန်လမ်းမီးသ တ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၄)ဦး၊ သာဂရအမြန်လမ်းရဲစခန်းမှ စခန်းမှူး အပါအဝင်တပ်ဖွဲ့ဝင်(၄+၇)ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ – အမြန်လမ်း မီးသတ်တပ်ဖွဲ့)