၂၈.၅.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာအနီးတွင် ဖယ်ရီပို့သည့် ယာဥ်နှစ်စီးဘေးချင်းယှဥ်တိုက်မိရာက အမျိုးသား၊ အမျိုးသမီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် မေလ ၂၇ ရက် ညခင်းအချိန်က ယာဥ်နှစ်စီးတိုက်မိကြောင်း သတင်းရရှိသောကြောင့် လှိုင်သာယာလူနာတင်ကွန်ရက်မှ အသင်းအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်းတို့မှ သွားရောက်ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိသူ ၆ ဦးကို ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်းမှ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ဖယ်ရီနှစ်စီးတိုက်မိတာ။ ကျွန်တော်တို့ရောက်တော့ လူနာတွေကများလို့ လူနာတွေတင်ပြီး ဆေးရုံပို့ရတာ။ အသင်းများစွာနဲ့ တင်ပို့ရတာ။ ကျွန်တော်တို့ပို့ရတာ ၆ ယောက်။ ကျား (၃) ယောက်နဲ့ မ (၃) ယောက် အဲ့ဒီထဲမှာ အမျိုးသမီး (၁) ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ကျန်တဲ့သူတွေကတော့ ခေါင်းထိ၊ ခြေထောက်တွေမှာ ဒဏ်ရာရတယ်”ဟု ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်းမှ MT News သို့ ပြောသည်။