October 23, 2024

PHOTO News

ဘရိတ်ပေါက်လာသည့် တက်စီတစ်စီးက နေအိမ်နှင့် လမ်းဘေးမီးတိုင်များဝင်တိုက်မိပြီး လူနှစ်ဦးထိခိုက်မှုနှင့် ပျက်စီးမှုများ ဒေါပုံတွင် ဖြစ်ပွားခဲ့သည်ဟု သစ္စာမဏ္ဍိုင်အသင်းမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လည် ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်းမဟော်လမ်း လမုတန်းရပ်ကွက် ဒေါပုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကာ ဘရိတ်ပေါက်သည့် အငှားယာဥ်မှာ နေအိမ်နှင့် လမ်းဘေးမီးတိုင်၊ ပစ္စည်းများတိုက်မိပြီး လူအနည်းထိခိုက်မိကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် သစ္စာမဏ္ဍိုင်အသင်းမှ အထောက်အကူပြုယာဥ်ဖြင့် သွားရောက်ကူညီမှုပေးခဲ့သည်ဟု သိရသည်။

“ယာဥ်တိုက်မှုကြောင့် လူနှစ်ဦးထိခိုက်ပေမဲ့ အနည်းငယ်ပဲ ဒဏ်ရာရသွားတာပါ”ဟု သစ္စာမဏ္ဍိုင်အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *