MT News
၂၇. ၅. ၂၀၂၄
MNL League Cup 2024 ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် မနေ့က မေ ၂၆ ရက် ညနေတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ သာမန်ပွဲကစားချိန်အတွင်း တစ်ဂိုးစီသရေကျခဲ့သဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ပြီး အချိန်ပိုတွင် ရှမ်းနိုက်တက်အသင်းက ရဲရင့်အောင်၏ သွင်းဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့ MNL League Cup 2024 ဗိုလ်လုပွဲကို ဆင်နွှဲရတော့မည်ဖြစ်သည်။
MNL League Cup 2024 ဆီမီးဖိုင်နယ်ပွဲ ပထမပွဲစဉ်အဖြစ် မေ ၂၅ ရက် ညနေပိုင်းက ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရန်ကုန်ယူနိုက်တက်အသင်းက ပွဲချိန် ၁၀ မိနစ်နှင့် ၆၉ မိနစ်တို့တွင် Gideon Tetteh၊ ပွဲချိန် ၆၇ မိနစ်တွင် ရန်ကျော်ထွေးတို့ သွင်းဂိုး ၃ ဂိုးသွင်းယူခဲ့သော်လည်း ရတနာပုံမှ စစ်မုန်းက ပွဲချိန် မိနစ် ၂၀ တွင် တစ်ဂိုးသာသွင်းယူနိုင်ခဲ့၍ ရန်ကုန်ယူနိုက်တက်က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ထို့အတူ မေလ ၂၆ ရက်ကကျင်းပသည့် ရှမ်းယူနိုင်တက်နှင့် ဒဂုံစတားယူနိုက်တတ်တို့ ဆီမီးဖိုင်နယ် သာမန်ပွဲကစားချိန်တွင် ဒဂုံစတားယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်၌ ပီတာအောင်ဝေထူးမှ သွင်းယူပေးခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၂ မိနစ်တွင် နန္ဒကျော်က သွင်းယူပေးခဲ့သည်။ အချိန်ပို ဒုတိယပိုင်း၏ နာကျင်အချိန်ပိုတွင် ရှမ်းယူနိုက်တက်အသင်းမှ အနိုင်ဂိုးရခဲ့ပြီး အဖိုးတန်ဂိုးကို ရဲရင့်အောင်က သွင်းယူပေးခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားရမည့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲစဉ်ကို လာမည့် ဇွန် ၁၉ ရက်၊ ညနေ ၄ နာရီအချိန်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ဖလားပြခန်းထဲကို MNL Cup ထားရှိဖို့ အချိန်ကျလာပါပြီ”လို့ ရန်ကုန်ယူနိုက်တက်က ဒီနေ့ကြွေးကြော်ထားပါတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်းကတည်းက ရပ်နားထားသည့် MNL League Cup ပြိုင်ပွဲကို ပွဲနားချိန်ကာလ လစာပေးရန်အခက်အခဲရှိမှုနှင့် ပွဲဆက်ပြတ်ကာလတွင် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ချိန် ခြေစွမ်းပြနိုင်မှုနည်းပါးခြင်းအပါ အဝင် အခြေအနေတချို့ကြောင့် ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ချန်ပီယံအသင်းမှာ ဆုကြေး ကျပ်သိန်း ၃၅၀ နှင့် ဒုတိယအသင်းမှာ ကျပ်သိန်း ၂၀၀ ဆုကြေးရရှိမည်ဖြစ်သည်။