October 23, 2024

MT News

MT News သတင်းဌာန၏ ” ရွေးကောက်ပွဲ မဖြစ်စေချင်သူတွေက တပ်မတော်ရဲ့ အာဏာသက်တမ်း ရှည်စေချင်လို့လား” အထူး​ဆောင်းပါးအား ဒီဇင်ဘာ ၂၀ ရက် ည ၇ နာရီတွင် ဖော်ပြသွားမည်ဖြစ်ပါသည်။

စာမြည်း “ဘယ်လိုပဲ ပြောပြော ဒီမိုကရေစီကိုသွားချင်ပါတယ်ဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ဆိုတာကတော့ ခေါင်းနဲ့ ပန်းပဲ။ ဒီမိုကရေစီကို သွားချင်ရင် ရွေးကောက်ပွဲ လုပ်ကိုလုပ်ရမယ်။ ရွေးကောက်ပွဲ မလုပ်စေချင်ဘူးလား။ ဒါဆိုရင် ဒီမိုကရေစီကို မယူနဲ့။ ရှင်းရှင်းလေးပဲ။ အခု ရွေးကောက်ပွဲ မဖြစ်ရင် တပ်က သူ့ဟာသူတက်ပြီးအုပ်ချုပ်သွားမှာ။ ပိုတောင်ကြိုက်ဦးမယ်။ အဲဒီတော့ ရွေးကောက်ပွဲ မဖြစ်ပါစေနဲ့ ရွေးကောက်ပွဲ မဖြစ်ပါစေနဲ့လို့ လုပ်နေတဲ့ လူတွေ အားလုံးဟာ ဘယ်အဖွဲ့အစည်းက လူပဲ ဖြစ်ဖြစ် အဲဒီလူတွေအားလုံးဟာ တပ်ကို ထောက်ခံနေတဲ့ သူတွေချည်းပဲ။ ကြိတ်ပြီးထောက်ခံတာနဲ့ ဗြောင် ထောက်ခံတာနဲ့ ဒါပဲ ကွာ…..”

၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲမဖြစ်ပါက တိုင်းပြည်တွင် ဆယ်စုနှစ်ချီ ပြည်သူအချင်းချင်းသတ်ဖြတ်နေမှုများ ကြုံလာရနိုင်သကဲ့သို့ လက်ရှိခြေဥထက်ပြင်ရခက်သော PR ခြေဥတစ်ရပ်ပေါ်ထွက်လာနိုင်သည့်အပြင် ထိုအချိန်ကျမှ လက်နက်ဆွဲကိုင်သူများ ဒူးထောက်ပြန်ဝင်လာမည့်အခြေအနေလည်း ရှိနေသည်ဟု MT News သတင်းဌာနက ယုံကြည်ပါသည်။

ထို့အတွက် လက်ရှိ နစက၏ ရွေးကောက်ပွဲအား NUG မှ ဖျက်ဆီးပါက ဖြစ်လာနိုင်သည့်အခြေအနေများကို သုံးသပ်တင်ပြထားသည့် MT News သတင်းဌာန၏ အထူးဆောင်းပါးကို စောင့်မျှော်ဖတ်ရှုပေးပါရန်လည်းတိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *