November 1, 2024

၂၇. ၅.၂၀၂၄
Written by TZ

ထိုင်းနိုင်ငံ၊ အမှတ် (၁) တံတားထိပ်ရှိ ရေကန်တွင် မြန်မာအလုပ်သမားတစ်ဦး ရေဆင်းချိုးရင်း ရေနစ်ပြီးသေဆုံးသွားကြောင်း ထိုင်းနိုင်ငံ နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။

ယနေ့ မေလ ၂၇ ရက် ထိုင်းစံတော်ချိန် ၁၂ နာရီဝန်းကျင်တွင် မြန်မာအလုပ်သမားတစ်ဦး ရေနစ်သောကြောင့် ထိုင်းနိုင်ငံရှိကယ်ဆယ်ရေးသမားများမှ လိုက်လံရှာဖွေရာ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ရေကန်ပါ။ ကလေးတွေတော့ ရေကူးတာတွေ့တယ်။ လူကြီးတွေတော့ ရေကူးတာမတွေ့ဘူး။ ရေက နံလည်းနံတယ်။ အဲ့ဒီကန်မှာ ငါးတွေလည်းရှိတယ်။ ကန်ပတ်လည်က မနစ်ဘူး။ အလယ်လောက်က နစ်တယ်။ လူကြီးတစ်ရပ်ကျော်တယ်ပြောတာပဲ။ ရေဆင်းချိုးရင်းနစ်တာနေမှာ။ အဝတ်စားမပါဘဲ ဘစ်ဘောင်းဘီတိုလေးနဲ့” ဟု အဆိုပါရေနစ်သည့် အမျိုးသားအား သွားရောက်ကြည့်ရှုသည့် မြန်မာနိုင်ငံသားတစ်ဦးက MT News သို့ဖြေကြားသည်။

ထိုရေနစ်သေဆုံးသည့် မြန်မာအလုပ်သမားအမျိုးသားမှာ အသက် ၄၅ နှစ်ဝန်းကျင်ရှိကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *