၂၇. ၅. ၂၀၂၄
Written by Nay Moe
လက်ပံတန်းမြို့နယ်ကျေးလက်ဦးစီးဌာနက ခန့်အပ်ထားတဲ့ စီတုန်းကျေးရွာရဲ့ မြစိမ်းရောင်ကျေးလက်စီမံကိန်းဥက္ကဋ္ဌဇနီး မောင်နှံကို ဒလန်လို့စွပ်စွဲပြီး လက်ပံတန်း PDF အဖွဲ့ဖြစ်တဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၅ ရက်မှာ သတ်ဖြတ်လိုက်တယ်လို့ ဒီနေ့ မေလ ၂၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီကျူးလွန်မှုမှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ စီတုန်းကျေးရွာရဲ့မြစိမ်းရောင်ကျေးလက်စီမံကိန်းဥက္ကဋ္ဌဦးမင်းဇော်ဦးနဲ့ ဒေါ်ခင်မာကြည်တို့ ဇနီးမောင်နှံဟာ မြစိမ်းရောင်ကျေးလက်စီမံကိန်းငွေချေးငွေယူကိစ္စအပြင် လျှပ်စစ်မီတာခပါကောက်ခံသူဖြစ်တာကြောင့် အစိုးရဌာနတချို့နဲ့ ဆက်နွှယ်ပြောဆိုရတာကို “စစ်တပ်သတင်းပေး ဒလန်လင်မယား”ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ပံတန်း PDF အဖွဲ့က မေလ ၂၅ ရက်မှာ ဖမ်းဆီးစစ်ဆေးပြီး သူတို့ဇနီးမောင်နှံဖုန်းထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ထားတာတွေ့ရှိရတဲ့အပြင် မြို့နယ်ဌာနဆိုင်ရာတွေရဲ့ ဖုန်းနံပါတ်အများအပြားကိုပါ တွေ့ရှိရတာကြောင့် ဖမ်းဆီးစစ်ဆေးတဲ့နေရာမှာပဲ ချက်ခြင်းသတ်ပစ်လိုက်တာပါ။
ပဲခူးတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေကို အဓိကထားသတ်ဖြတ်တာကြောင့် လူရာဂဏန်းလောက် ပဲခူး PDF တွေ သတ်ဖြတ်နေပေမဲ့ ဖမ်းမိမှုနည်းပါးသလို နွေဦးတော်လှန်ရေး သုံးနှစ်ကျော်မှာလည်း PDF တွေက”ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်သူစွပ်စွဲချက်နဲ့ သတ်ဖြတ်ထားတဲ့ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးနဲ့ NLD ပါတီဝင်မဟုတ်သူ ၈၀၀၀ ကျော်ကို သတ်ဖြတ်ခံထားရပါတယ်။