November 1, 2024

၂၇.၅.၂၀၂၄
Written by KL

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်ရှိ လမ်းဘေးတွင် အသက် ၆၅ နှစ်အရွယ် အမျိုးသားကြီးက အမျိုးသမီးငယ်ကို ဓားဖြင့်ထောက်ပြီး ကာမစပ်ယှက်ရန် အင်္ကျီချွတ်ခိုင်းရာမှ ဓားထိုးအသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

သေဆုံးသူမှာ စက္ကူစက်ရုံတစ်ခုမှ လုံခြုံရေးဝန်ထမ်းလုပ်ကိုင်သူ ဦးအောင်မြင့်ဆိုသူဖြစ်ပြီး ဓားဖြင့်ထိုးသူမှာ ၎င်းထံမှ အတိုးဖြင့် ငွေချေးငှားသူ အသက် ၂၆ နှစ်အရွယ် မ….. ဖြစ်ကြောင်း သိရသည်။

ယင်းနေ့က အမျိုးသားကြီးဖုန်းဆက်ခေါ်သဖြင့် အမျိုးသမီးက သွားရောက်ရာ အမျိုးသားကြီးက ဓားဖြင့်ထောက်ပြီး ကာမစပ်ယှက်ရန် အင်္ကျီချွတ်ခိုင်းရာမှ စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ရာမှ နှစ်ဦးသား မြောင်းထဲပြုတ်ကျခဲ့သည်။

ယင်းနောက် အမျိုးသားကြီးထံမှ ဓားကို အမျိုးသမီးက အမျိုးသားကြီး၏ မျက်နှာ၊ လည်ပင်း၊ ဘယ်ဘက်ရင်ဘတ်၊ လက်များကို ဓားဖြင့်ထိုးခဲ့ကြောင်း အမျိုးသမီး၏ ထွက်ဆိုချက်အရ သိရသည်။

မုဒိမ်းကျင့်ရန် ကြိုးစားရုန်းကန်ရင်း လူသတ်မှုကျုးလွန်သူဖြစ်ခဲ့ရသည့် မ…..ကို ပုဒ်မ ၃၀၂ ဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ ဖမ်းဆီးစစ်​ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *