၃၀. ၉. ၂၀၂၂
MT News
ဒီညမှာတော့ နှစ်ပတ်ကြာရပ်နားထားတဲ့ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေ ပြန်လည်သက်ဝင်စတင်လာကြပါပြီ။ သောကြာညဖြစ်လို့ ပွဲမစုံသေးပေမယ့် စပိန်လာလီဂါ၊ ဂျာမန်ဘွန်ဒက်လီဂါ၊ ပြင်သစ်လီဂူး တို့လို ထိပ်သီးပြိုင်ပွဲတွေရှိနေပါတယ်။
ဘောလုံးချစ်ပရိတ်သတ်တွေအတွက် လာလီဂါက ဘီဘာအို-အယ်မီးရီးယားပွဲ၊ ဘွန်ဒက်လီဂါက ဘိုင်ယန်မြူးနစ်-လေဗာကူဆင်ပွဲ၊ ပြင်သစ်လီဂူးက အန်းဂါး-မာဆေးလ်ပွဲအပြင် အင်္ဂလန်ချန်ပီယံရှစ်က ဟူးစီးတီး-လူတန်တောင်းပွဲတွေကို MT News က ပွဲကြိုသုံးသပ်ခန့်မှန်းပေးထားပါတယ်။
စပိန်လာလီဂါ
ဘီဘာအို – အယ်မီးရီးယား (1:30 AM)
ဘီဘာအိုက ယခုရာသီမှာ ရာသီအစကတည်းက ခြေစွမ်းပြကစားနေပြီး ၆ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ၁၃ မှတ်နဲ့ အဆင့် ၄ နေရာမှာရပ်တည်နေပါတယ်။ ဘီဘာအိုက ဒီရာသီအဝေးကွင်း ခြေစွမ်းပြနေပြီး ၂ ပွဲလုံး ၄ ဂိုးနဲ့ အနိုင်ရထားတာ ထူးခြားချက်ပါ။ အယ်မီးရီးယားကတော့ အဝေးကွင်းဆို ခြေစွမ်းက ဆိုးရွားနေတဲ့အပြင် လက်ရှိမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေပါတယ်။ ဒီပွဲစဥ်မှာတော့ ဘီဘာအိုက Berenguer တို့အုပ်စုကပဲ ဂိုးတွေသွင်းပြီး 1-0/2-0 နဲ့ အနိုင်ရသွားမှာပါ။
ရွေးချယ်မှု -ဘီဘာအို
…………
ဂျာမန်ဘွန်ဒက်လီဂါ
ဘိုင်ယန်မြူးနစ် – လေဗာကူဆင် (1:00 AM)
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဘွန်ဒက်လီဂါမှာ နောက်ဆုံးလေးပွဲရလဒ်က စိတ်ပျက်စရာတော်တော်ကောင်းနေပါတယ်။ နောက်ဆုံးမှာ နိုင်ပွဲမရရှိဘဲ ၃ ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပါတယ်။ လေဗာကူဆင်ကလည်း ရာသီအစကတည်းက ဆက်တိုက်ကံဆိုးနေပြီး ရမှတ် ၅ မှတ်နဲ့ တန်းဆင်းဇုန်အပေါ်နားမှာ ဂနာမငြိမ် ယက်ကန်ယက်ကန်ဖြစ်နေပါတယ်။ ကြားရက်မှာ နှစ်သင်းလုံး ချန်ပီယံလိဂ်ရှိနေပေမယ့် နှစ်သင်းလုံး အနိုင်ရဖို့လိုအပ်နေတာကြောင့် လူစုံတက်စုံပွဲထွက်လာမှာပါ။ ဒီပွဲစဥ်မှာတော့ နှစ်ဖက်သွင်းဂိုး ဂိုးပေါ်နိုင်ပြီး တစ်ဖက်နဲ့တစ်ဖက်ဂိုးတွေသွင်းရင်း ဘိုင်ယန်မြူးနစ်အသင်းပဲ အနိုင်ရရှိသွားမှာပါ။
ရွေးချယ်မှု -ဘိုင်ယန်မြူးနစ်နှင့်ဂိုးပေါ်
……..
အဂ်လန်ချန်ပီယံရှစ်
ဟူးလ်စီးတီး – လူတန်တောင်း
ခြေစွမ်းမကွာဟတဲ့ နှစ်သင်းတွေ့ဆုံတဲ့ပွဲပါ။ ဟူးလ်စီးတီးက နောက်ဆုံး ၄ပွဲဆက်ရှုံးထားပြီး လူတန်ကတော့နောက်ဆုံးခြောက်ပွဲမှာ ၁ ပွဲသာရှုံးအောင် ကစားခဲ့ပါတယ်။ ဆက်တိုက်ရလဒ်ကောင်းအောင် ကြိုးစားနေတဲ့ လူတန်အသင်းပဲ ထိုက်တန်တဲ့အောင်ပွဲကို ရယူသွားမယ်လို့ ထင်ပါတယ်။ လူတန် သရေနဲ့အနိုင်ပါ။
ရွေးချယ်မှု – လူတန်
……..
ပြင်သစ်လီဂူး-1
အန်းဂါး – မားဆေးလ် (1:30 AM)
ဒီရာသီမှာ ရှုံးပွဲမရှိသေးတာ မာဆေးလ်နဲ့ PSG ပါ။ အန်ဂါးက နောက်ဆုဲး၂ ပွဲဆက် အနိုင်ရခဲ့ပေမယ့် သူတို့အိမ်ကွင်းမှာရင်ဆိုင်ရမှာက ဒီရာသီ ထူးထူးခြားခြားခြေစွမ်းပြနေတဲ့ မာဆေးလ်အသင်းပါ။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း မာဆေးက အသာရနေတာမို့ အန်ဂါးကို မားဆေးလ်အသင်းကပဲ အနိုင်ရသွားဖို့များပါတယ်။
ရွေးချယ်မှု – မာဆေး