November 1, 2024

၂၆.၅.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ပုလဲလမ်း၊ အမေများစက်မှုလက်မှုထောက်ပံ့ရေးဆိပ်ကမ်းဝန်းတွင် မေလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်က ဘတ္ထရီငုတ် Lose ဖြစ်ရာမှ ၂၂ ဘီးကား မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်စဥ်တွင် HOWO အမျိုးအစား ၂၂ဘီးကားမှာ ဘတ္ထရီငုတ် Lose ဖြစ်ရာမှ မီးပွားထွက်ပြီး အနီးရှိ ဝါယာကြိုးများကို မီးကူးစက် လောင်ကျွမ်းခဲ့ရာ ကားရှေ့လေကာမှန်၊ ရေတိုင်ကီ၊ ကားဘီး၊ ဘတ္ထရီနှင့်ကားတံခါးဘေးမှန်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၁၂ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ၂၂ ဘီးယာဥ်မောင်းဖြစ်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားကို အင်းစိန်မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *