November 1, 2024

MT News
၂၆. ၅. ၂၀၂၄

၂၀၂၆ ကမ္ဘာ့လားခြေစစ်ပွဲ ဒုတိယအဆင့် ဂျပန်၊ မြောက်ကိုရီးယား ပွဲစဉ်များအတွက် ပဏာမ မြန်မာ့လက်ရွေးစင် ကစား သမား စာရင်းအား နည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်တွင် မေလ ၂၈ ရက်မှ စတင်ကာ စခန်းဝင် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် လာမည့် ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၄၀ အချိန်၌ သု၀ဏ္ဏ အားကစားကွင်းတွင် ဂျပန်လက်ရွေးစင်အသင်းနှင့်လည်းကောင်း လာမည့် ဇွန်လ ၁၁ ရက်တွင် လာအိုနိုင်ငံ၌ မြောက်ကိုရီးယား လက်ရွေးစင်အသင်းနှင့် လည်းကောင်း ၂၀၂၆ ကမ္ဘာ့လား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာအသင်းသည် ၂၀‌၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂျပန်၊ ​မြောက်ကိုရီးယား၊ ဆီးရီးယားတို့နှင့် တွေ့ဆုံနေပြီး လေးပွဲကန်ပြီးချိန် ဂျပန်ကို ၅ ဂိုး ဂိုးမရှိရှုံးထားသလို မြောက်ကိုရီးယားကို ၆ ဂိုး ၁ ဂိုးနှင့်ရှုံးထားပြီး ဆီးရီးယားကိုမူ ပထမအကျော့ ၁ ဂိုးစီသရေကျခဲ့သော်ငြား ဒုတိယအကျော့တွင် ၇ ဂိုး ဂိုးမရှိရှုံးခဲ့၍ ပေးဂိုး ၁၇ ဂိုး၊ ရဂိုး ၂ ဂိုးဖြင့် သိက္ခာဆယ်တစ်မှတ်သာရရှိထား၍ ၂၀၂၆ ကမ္ဘာ့ဖလားအိပ်မက်မှာမူ ဒုတိယအဆင့်နှင့်သာ အဆုံးသတ်ထားရပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *