November 2, 2024

MT News
၂၆.၅. ၂၀၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Xianghe မြို့တွင် ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ယနေ့ မေ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား ကြိုတင်ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာအမျိုးသား ယူ-၂၀ ဘောလုံးအသင်းသည် တရုတ်အမျိုးသား ယူ-၂၀ ဘောလုံးအသင်းနှင့် လာမည့် မေ ၃၀ ရက်နှင့် ဇွန် ၂ ရက်တို့တွင် တရုတ်နိုင်ငံ Xianghe မြို့၌ ကွင်းပိတ် ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာယူ-၂၀ ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက် ရှိပြီး အုပ်ချုပ်/နည်းပြ၊ ကစားသမား စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *